စာစီစာရိုက်နှင့် နီးစပ် ပတ်သက်သမျှ
စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။
ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ
အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်
ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်
တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်
ယူနီကုတ် အသုံးပြုကြပြီ ဖြစ်လို့ ပြည်ထောင်စု ဖောင့်နှင့် လက်ကွက် ပိုစ့် အသစ်တင်ပါတယ်။ စာအရှည်ကြီး မဖတ်ရတော့ဘူးပေါ့။
စက်အသစ် ဝင်းဒိုးအသစ် ဆိုလျှင် ယခုပေးထားသည်များကို ဆိုင်ရာ ဒေါင်းလုပ်လုပ်ပြီး သုံးရင် ရပါပြီ။ စက်က ယူနီကုဒ်သွင်းထားပြီးသား စာရိုက်တော့ မမှန်လို့ ပါဆိုရင် ကျွန်တော်ကတော့ စက်ထည် အရင်ထည့်ထားပြီးသား အဟောင်းတွေကို အကုန်ဖြုတ် Uninstall လုပ်ပါတယ်။ ဇော်ဂျီနဲ့ ပတ်သက်တဲ့ သွင်းထားတဲ့ ဆော့ဝဲ မှန်သမျှ Uninstall လုပ်ပါတယ်။ Zawgyi-One.ttf ဖောင့်ကိုတော့ ချန်ထားပါမယ်။ သူမရှိရင် ဖတ်မရတာတွေ ရှိနိုင်လို့ပါ။ Keyboard ရော Pyidaungsu ဖောင့်ရော မရှိတော့ ဘူးဆိုရင် စက်ကို Restart လုပ်လိုက်ပါ။ ပြီးမှ အောက်ကဆိုင်ရာ သွင်းပါ့မယ်။
သွင်းယူမယ့် စက်က -
Windows 7 + Office 2010 ဆိုရင် အောက်က ဖောင့်ကို Install လုပ်ပါ။
Windows 8, 8.1, 10 နှင့် အထက် တင်ထားတာဆိုရင် အောက်က ဖောင့်ကို Install လုပ်ပါ။
ဖောင့်သွင်းပြီးရင် ကီးဘုတ် သွင်းဖို့ပဲ ကျန်တော့တယ်။
ကီးဘုတ် လောလောဆယ် ၃ မျိုး ရှိတယ်။
သုံးခုလုံး သွင်းထားစရာ မလိုပါ။ တစ်ခု သွင်းထားလျင် ရပါပြီ။
EasyCut 6.0 ကို Cutter အဟောင်းအတွက် ရှာတဲ့အခါ သိပ်မတွေ့တော့ပါဘူး။ ဒါကြောင့် သိမ်းဆည်းတဲ့အနေနဲ့ တင်ထားတာပါ။
WINHORO ver 2.0.2 ကို ရှာနေတာကြာပြီ။ လိုချင်တာလည်း ကြာပြီ။ အရင် Version အဟောင်းက စက်အဟောင်းထဲရောက်နေပြီ ယူရခက်နေလို့။ အွန်လိုင်းပေါ််မှာလည်း အညွှန်းတွေသာ တွေ့တယ် ဒေါင်းလုပ်လင့်ကို မတွေ့ရပါဘူး။ မထင်မှတ်ပဲ တနေရာက အမည် တမျိုးနဲ့ တွေ့လို့ ဒေါင်းလိုက်တာ လိုချင်တာဖြစ်နေတယ်။မန္တလေးက ဆရာ နားမှာ ယူရင်ပေးနေတယ် လို့ Facebook မှာ တွေ့ရပါတယ်။
ကျွန်တော် အမှတ်မမှားဘူးဆိုရင် WINHORO နဲ့ မြန်မာက ဗေဒင်ဆရာတွေ တော်တော် များများ အသုံးပြုကျတယ်လို့ သိရပါတယ်။
Epson L1300 အတွက် Resetter ပါ။ Printerguider က အဆင်မပြေတော့ဘူး။ နောက်တစ်နေရာကနေ တွေ့လို့ သိမ်းထားတာ။
လုပ်ပုံလုပ်နည်းက အခြားမော်ဒယ်တွေနဲ့ တူတူပဲမို့ စာမရေးတော့ဘူး။
Epson Stylus PHOTO R390
ဒီကောင် အတွက် Resetter ရှာခက်တယ်ဗျ။ တွေ့တဲ့ ဟာတွေက Adjustment program 2.9 MB ရှိတဲ့ဟာတွေ။ အဲ့ဒါတွေက အလုပ်မဖြစ်ဘူး။ အဲ့ဒါတွေ အလုပ်လုပ်ဖို့အတွက် Date ပြောင်းလည်း မရဘူး။ Regedit က အချက်ဖျက်ဆိုလို့ ဖျက်တယ် မရဘူးဗျ။
နောက် တော့ ဒီကောင်ကိုတွ့တယ်။ ဗိုင်းရပ်စ်ပါတယ် ဘရောက်ဆာက သတိပေးတယ်။ မတတ်နိုင်ဘူး ဗိုင်းရပ်ကို နောက်မှ ပြန်ရှင်းမယ်။
သူ့သုံးပြီး Waste inkpad counter error ရှင်းတာ ရသွားတယ်ဗျ။ အဲ့ဒါနဲ့ထပ်မရှာချင်လို့ သိမ်းပြီး ပိုစ့်တင်လိုက်တယ်။
လုပ်ပုံ လုပ်နည်းက R230 နဲ့တူတူဗျ။
Google Nik Collection 1.2.11.0 MultiLingual Overview Google Nik Collection သည် ရင်သပ်ရှုမောဖွယ် ပုံရိပ်များကို ပိုမိုမြန်ဆန်စွာ ဖန်တီးနိုင...